Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန်လ (၁၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များကိုယ်စား Novartis Pharma Services မှ ကိုယ်စားလှယ်တစ်ဦးက လှူဒါန်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ -

• မိမိတို့နိုင်ငံတွင် လက်ရှိ၌ COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်သည်ကို သိရှိရပါကြောင်း၊

 

• ထိုသို့ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိက နှင့် ပြည်သူများအားလုံးမှ ပါဝင်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

• မိမိတို့ အလှူရှင်များအနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ လက်တွဲကူညီပါဝင်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• ယခုအချိန်၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ပေါင်းစုံနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း ပေါ့ဆ၍ မရပါကြောင်း၊

 

• မိမိတို့နိုင်ငံတွင် ယခုလတ်တလောကာလ၌ တွေ့ရှိရသော COVID-19 လူနာအများစုမှာ ပြည်ပနိုင်ငံများမှ ပြန်လာကြသူများဖြစ်ပါကြောင်း၊

• ထို့အတွက် အသွားအလာကန့်သတ်ခံရသူများအနေဖြင့် သတ်မှတ်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်မှာ ယခုအချိန်တွင် အထူးအရေးကြီးပါကြောင်း၊

• ယခုကဲ့သို့ အလှူရှင်များ၏ လှူဒါန်းမှုသည် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေရေး အရင်းအနှီးများ လည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

လှူဒါန်းပွဲတွင် -

• Novartis Pharma Services မှ အမေရိကန်ဒေါ်လာ( ၂၁၀,၀၀၀) တန်ဖိုးရှိ SARS- COV 2 test (၇,၈၇၂) ခု နှင့်PPE Full set (၂,၄၉၆) စုံ၊

• Unilever EAC Myanmar Co.ltd မှ အမေရိကန်ဒေါ်လာ (၅၃,၂၈၀) တန်ဖိုးရှိ 2019 nCov Nucleic acid Diagnostic kit (၂,၈၈၀) ခု၊

• ASA microfinance (Myanmar) Limited (မင်္ဂလာဒုံ) မှ ကျပ်သိန်း(၇၀)၊
• ပြည်သူ့ပါတီ မှ PPE Full set (၅၀) ခု နှင့် Mask (၅,၀၀၀) ခု၊

• Tharaphu Soe Myint Co.,ltd မှ ကျပ်သိန်း (၅၀)တန်ဖိုးရှိ PPE, N95, Mask, Hand Gel နှင့် Hand Spray များ၊

 

• ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၃/၂၀၁၉) ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက်ရောက်ခဲ့သူများမှ ကျပ် (၁၁) သိန်း၊

• မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်း (ဗဟို) (၂၀၁၉-၂၀၂၁) မှ ကျပ် (၁၀) သိန်း၊

• MT. Royal Peridot (2020), Norstar Ship Management PTE ltd မှ သင်္ဘောသားများမှ ကျပ် (၄၅ ဒဿမ ၃၃၃) သိန်း၊

• လူမှုကွန်ရက်မှအများပြည်သူကောင်းမှု ကျပ် (၂၇) သိန်း၊

 

• ညောင်လေးပင်မြို့နယ်သူ/သားများ (ရန်ကုန်) မှ ကျပ် (၁၂ ဒဿမ ၅ )သိန်း၊

• နယ်ဖြစ်ဒုရဲအုပ်လောင်းသင်တန်း(၉/၈၄) လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကျပ် (၁၀) သိန်းနှင့်

• Myanmar Royal Golden Elephant Co.ltd မှ ကျပ် (၉၆၀,၀၀၀)တန်ဖိုးရှိ Mask (၉,၆၀၀) ခု တို့အား အသီးသီးလှူဒါန်းခဲ့ကြပါသည်။

More Tags