လွိုင်ကော်မြို့တွင် ဦးစီးအရာရှိ ရာထူးတိုးစာမေးပွဲ ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၁၀)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၉-၆-၂၀၂၀)ရက်နေ့၌ ကျန်းမာရေးမှူးအဆင့်(၁)၊ မြို့နယ်သူနာပြုအဆင့်(၁)နှင့် မြို့နယ်သူနာပြု ဆရာမကြီးများ စုစုပေါင်း(၁၄)ဦးတို့အား ဦးစီးအရာရှိ ရာထူးတို ရေးဖြေစာမေးပွဲကို နံနက်(၉)နာရီမှ နေ့လည်(၁၂)ထိ ကျင်းပဆောင်ရွက် ခဲ့ပါသည်။ (၁၀-၆-၂၀၂၀) ရက်နေ့ တွင် နှုတ်ဖြေစာမေးပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။ စာမေးပွဲကို ဒေါက်တာဌေးလွင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် စာစစ်အဖွဲ့ဝင်များမှ ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

 

More Tags