COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (10-6-2020, 8:00 AM)

၁။ (၉-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင်-
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၄၉)ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၂၆၁)ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၇၄)ခု၊
စုစုပေါင်း (၉၈၄) ခုတွင်-

• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

၂။ (၁၀-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၆) ဦးရှိပါသည်။

၃။ (၉-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ (၁,၁၈၆)ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၆)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၁၈၈)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)(PHL-MLM)မှ ဓာတ်ခွဲနမူနာ (၂၆၁)ခုနှင့်

• ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) ဓာတ်ခွဲနမူနာ (၂၁၃)ခု ၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၀၅၄)ခုအား စစ်ဆေးခဲ့ပါသည်။

 
 

More Tags