သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားနေသော တိုင်းဒေသကြီး/ပြည်နယ်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်တို့၏ Video Conferencing Meeting ပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေး)၊ ဗဟိုရပကန/ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးစီမံချက်သည် ဒေါက်တာ သန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဦးဆောင်၍ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များပြားနေသော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဒု-တိုင်း ဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ (ရောဂါနှိမ်နင်းရေး)၊ လက်ထောက်ညွှန်ကြားရေးမှူးများ/ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ(ရပကန) နှင့် အတူ (၃၀-၅-၂၀၂၀) နေ့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့်(၁-၆-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် (၃-၆-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် အသေးစိတ် ဆွေးနွေး ခဲ့ကြပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တင်ပြဆွေးနွေးကြရာတွင်

-     မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အလိုက် ဖြစ်ပွားမှုအများဆုံးနေရာများကို Risk Mapping ပြုလုပ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊

-     တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများဦးဆောင်၍ လူမှုရေးအဖွဲ့အစည်း များနှင့်ပြည်သူများ၏ ပါဝင်မှုဖြင့် ပူးပေါင်း ဆောင်ရွက်ပါက ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပိုမို အောင်မြင်ပါကြောင်း၊

-     သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားသော မြို့နယ်များတွင် အဘိတ်ခပ်ခြင်းနှင့် ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ် လုပ်ငန်းများကို ဗဟိုရပကနမှ ထုတ်ဝေထားသော စံကိုက်လမ်းညွှန်များ အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊

-     လူနာစာရင်းများကိုလည်း အချိန်နှင့်တပြေးညီ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊

-     ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ဖြန့်ဝေပေးစေလို ကြောင်းတို့ကို တင်ပြခဲ့ကြပါသည်။

ဗဟိုရပကနမှလည်း

-     သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးအသိပညာပေး လက်ကမ်းစာစောင်များကို အမြန်ဆုံး ထုတ်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊

-     ကာကွယ်နှိမ်နင်းရေးအတွက်လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း အလျင်အမြန် ဖြန့်ဝေ ပေးလျက်ရှိပါကြောင်းနှင့်

-     ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) မှ

-     COVID-19 ကာလအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အတူ သွေးလွန် တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပြိုင်နက်ထဲ ဆောင်ရွက်ကြရန်၊

-     Epidemiology အရ ဖြစ်ပွားမှုများပြားနိုင်သည့်အတွက် ပေါ့ဆ၍မရကြောင်းနှင့် ကြိုတင် ပြင်ဆင်ကြစေလိုပါကြောင်း၊ ကာကွယ်နှိမ်နင်းရေးအတွက် လျင်မြန်ထိရောက်မည့် နည်းလမ်း များ အသုံးပြုစေလိုပါကြောင်း၊

-     COIVD-19 ကာလ ဖြစ်သည့်အတွက် သင်တန်းများပို့ချရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်စေလိုပါကြောင်း၊ ဖြစ်နိုင်ပါက Online မှ သင်တန်းများပို့ချစေလိုကြောင်း တို့ကို လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။

 
 

More Tags