သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနတို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြား

သရက်ချောင်းမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၉) ရက်

     တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် (၂၉-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနတို့သို့ သွားရောက်ကာ ဝန်ထမ်းများအားတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန်နှင့် မိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်း ရေးလုပ်ငန်းများ အားသွန်ဆောင်ရွက်ရန် အမှာစကား ပြောကြားပါသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများအား လိုအပ်သည်များကို ညွှန်ကြားပါသည်။

More Tags