ကျေးသီးမြို့နယ်၊ မိုင်းနောင်တိုက်နယ်ဆေးရုံသို့ Covid-19 ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း

ကျေးသီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်တိုက်နယ်ဆေးရုံသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်က ဇွန်လ (၁) ရက်နေ့တွင် Covid-19 ကူးစက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် အထောက်အကူပစ္စည်းများဖြစ်သည့် (Mask) နှာခေါင်းစည်း (၁၁၅၀)ခု၊ Face shield (၈၀)ခု၊ OT Gown (၈၅)ခု၊ BP Cuff (၁)ခု၊ နားကြပ် (၁)ခု၊ Sodium hypochlorite (၂) ပုံး၊ ရွှေဖီဦးလက်ဖက်ရည်ထုတ်နှင့် ကြက်ဥများလာရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုကို မိုင်းနောင်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းခိုင်က လက်ခံရယူပြီး ကျေးဇူး တင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 
 

More Tags