မိုးနဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိ

မိုးနဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျန်းမာရေးဌာနမှ မွေးကင်းစမှ အသက်(၁) နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေး ပြန်လည်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီကစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနတို့တွင် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
     ကာကွယ်ဆေးထိုးနှံရာတွင် မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဘာပိုလီယို အစက်ချကာကွယ်ဆေး(အိုင်ပီဗွီ)ဆေး များကို ထိုးနှံတိုက်ကျွေးပေးခဲ့ပါသည်။ ဆက်လက်၍ ကျန်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား သတ်မှတ်ရက်အလိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags