ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ အလှူငွေနှင့် စားနပ်ရိက္ခာပေးအပ်လှူဒါန်း

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ဧရာဝတီဖောင်ဒေးရှင်း (MAX Myanmar Group)  ဦးဇော်ဇော်မှ အလှူငွေနှင့် စားနပ်ရိက္ခာပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က စောင့်ကြည့်ရေးစခန်း  သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပေးအပ်လှူဒါန်ရာတွင် ကျပ်သိန်း (၁၀၀) တန်ဖိုးရှိ ငွေသား ကျပ်သိန်း(၃၀)၊ ဆန်အိတ်(၂၀၀)၊ ဆီပိသာ(၃၀၀)၊ ကုလားပဲ (၁အိတ်)၊ ကြက်ဥအလုံး (၉၀၀) လာရောက်လှူဒါန်းခဲ့ရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ မြိုနယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးဇော်မင်းဟန်နှင့် အတွင်းရေးမှူး ဒေါက်တာမြင့်မြင့်မော် တို့က လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းများပြန်လည်ပေးအပ်ခဲ့ပါသည်။

 
 

More Tags