မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ် ပြန်လည်ဆောင်ရွက်ခြင်းကို ကွင်းဆင်းကြီးကြပ်

မင်္ဂလာတောင်ညွန့်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မြို့နယ်ကျန်းမာရေးဌာန(ဘိုလိန်း)၊ ကျန်းမာရေးဌာနခွဲ(ဖဆပလ)နှင့် ရပ်ကွက်များရှိ စုရပ်များတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာကလအတွင်း ခေတ္တရပ်ဆိုင်းထားသည့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်နှင့် ဦးစီးအရာရှိဆရာဝန်များ၊ မြို့နယ်သူနာပြုဆရာမကြီးတို့က ကွင်းဆင်းကြီးကြပ်၍ လက်ထောက်ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင်များက ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါသည်။ ရပ်ကွက်အုပ်ချုပ် ရေးမှုများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများမှလည်း ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများကို မိဘအုပ်ထိန်းသူများ စနစ်တကျ လိုက်နာ​စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ပါသည်။

More Tags