လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (COVID-19) ရောဂါကာလအတွင်း ခေတ္တရပ်နားထားခဲ့သော ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများကို (၁.၆.၂၀၂၀) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ စတင်၍ မွန်းလွဲ (၃) နာရီအချိန်ထိ က​​လေးမွေးစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်စုစုပေါင်း (၄၄) ယောက်တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော စည်းကမ်းချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags