စစ်ကိုင်းမြို့နယ်၊ ခက်ခကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်

စစ်ကိုင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တလိုင်းကျေးလက်ကျန်းမာရေးဌာန၊ ခက်ခကျေးလက်ကျန်းမာရေးဠာနခွဲမှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ၊ မေလ ၂၆ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ ခက်ခကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကျေးရွာပရဟိတအဖွဲ့တို့နှင့်ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

More Tags