စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရေကြည်ရှေ့ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ပြည့်နှစ် ၊ မေလ (၂၆) ရက်နေ့၌  စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရေကြည်ရှေ့ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ရပ်ကွက်ပရဟိတအဖွဲ့တို့နှင့်ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags