ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ပြန်လည်ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀) ခုနှစ်၊ ဇွန်လ (၁) ရက်

     (၁.၆.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်‌အောက်ရှိ ကျန်းမာရေးဌာနခွဲ အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ထိုးနှံလျက်ရှိပါသည်။ အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ ဦးဆောင်၍ အခြေခံကျန်းမာရေး ပညာရှင်များမှ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်နှင့် တွဲဖက်၍ အာဟာရပညာပေးလုပ်ငန်းများ၊ မျိုးဆက်ပွားကျန်းမာရေး၊ ကာကွယ်ဆေးများအကြောင်း ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags