ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံရှိ KANAAN International Co,Ltd စက်ရုံတွင် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀)ခုနှစ်၊ ဇွန်လ(၁)ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံရှိ KANAAN International Co,Ltd စက်ရုံတွင် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါကျန်းမာရေးအသိပညာပေးလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ဒု-မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးစံလင်း ဦးဆောင်သော မြို့နယ်ကျန်းမာရေးအဖွဲ့၊ Save the Children မှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ရှိသူများပူးပေါင်း၍ စက်ရုံ အလုပ်သမားခေါင်းဆောင်များအား ကျန်းမာရေးပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဆပ်ပြာများပေးအပ်ခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။ အဆိုပါကျန်းမာရေးအသိပညာပေးမှုအား စက်ရုံလုပ်သား စုစုပေါင်း(၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags