လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာတွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်ဆောင်ရွက်

လှည်းကူးမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးလက်ကျန်းမာရေးဌာနအပိုင် ကဒစ်ကျေးရွာတွင် ပုံမှန်ကာကွယ်ဆေး ပြန်လည်ထိုးနှံခြင်း အစီအစဉ်များကို ဇွန်လ (၁) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြပါသည်။ မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအာကာချမ်းမင်းက လိုက်နာရမည့် စံကိုက်လမ်းညွှန်များကို စိစစ်၍ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကျန်းမာရေးစေတနာ့ဝန်ထမ်းများအား လိုအပ်သည်များကို အားဖြည့်ကူညီခဲ့ပါသည်။ ခရိုင်ကျန်းမာရေးမှူးဆရာ ဦးအောင်ကျော်မြင့်၊ လှည်းကူးမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဆရာဦးတင်မြအေး၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဆရာ ဦးနိုင်လင်းဦးတို့မှလည်း လိုက်ပါကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

More Tags