မင်္ဂလာဒုံမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းကို ဇွန်လ (၁) ရက်နေ့တွင် ပြန်လည်စတင်ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊‌ ဇွန်လ (၁) ရက်

     (၁.၆.၂၀၂၀) ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနခွဲအသီးသီး၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ပြန်လည်စတင်ထိုးနံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းတွင် ကျန်းမာ‌ရေး‌နှင့် အာကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ COVID-19 ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကလေးမိခင်များအား လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခန့်အကွာတွင် ထိုင်စေခြင်း၊ ကလေးနှင့်ကလေးမိခင်များအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ လူဦးရေကန့်သတ်၍ အလှည့်ကျထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည့်တို့ကို အ‌‌ခြေခံကျန်းမာရေးပညာရှင်များမှ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags