သရက်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး သွားရောက်ကြည့်ရှု

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၁) ရက်

     မ​ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဝင်းနှင့် ရုံးအကူဦးပြည့်ဖြိုးဟိန်းတို့သည် (၃၁-၅-၂၀၂၀) ရက်နေ့၊ ညနေ ၃ နာရီတွင် တလပါးတိုက်နယ်ကျန်းမာရေးဌာန၊ ဘော်​ကျေးလက်ကျန်းမာရေးဌာနနှင့် သရက်မြင့်ကျေးလက်ကျန်းမာရေးဌာနခွဲတို့သို့ သွားရောက်၍ ဇွန်လတွင် ပြန်လည်စတင်မည့် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

More Tags