မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၁) ရက်

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို (၃၁ - ၅ -၂၀၂၀) ရက်နေ့၌ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြပါသည်။

 

     သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးရာသီတွင် ပိုမိုဖြစ်ပွားမှုများသောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြပါသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် ကိုဗစ်-၁၉ ကာလအတွင်း သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုက်နာရမည့် စံကိုက်လုပ်ငန်း လမ်းညွှန်များနှင့်အညီ သွေးလွန်တုပ်ကွေးရောဂါအကြောင်း လက်ကိုင်စပီကာဖြင့် ဆော်သြအသိပေးခြင်း၊ (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

More Tags