မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနရှိ တာဝန်ရှိသူများမှ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်ထိုးနှံမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မကွေးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၆) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိသူများသည် မတ်လ နှင့် ဧပြီလများတွင် ယာယီရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်ထိုးနှံမှု အခြေအနေများကို ၂၆.၅.၂၀၂၀ ရက်နေ့မှ ၂၉.၆.၂၀၂၀ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန် အဖွဲ့သည် အောင်လံ၊ စေတုတ္တရာ၊ ချောက်၊ ဆိပ်ဖြူ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနများ၏ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေးအအေးလမ်းကြောင်းထိန်းသိမ်းထားရှိမှု၊ ကာကွယ်ဆေးများ ကြိုတင်ပြင်ဆင်ထားရှိမှုကို စစ်ဆေးခဲ့သည်။မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမြို့နယ် ဆေးရုံကြီးများတွင် မေလ (၁၈) ရက်နေ့မှစတင်လျက်ရှိပြီး၊ ပြည်သူလူထုအခြေပြုပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဇွန်လ (၁) ရက် နေ့မှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်သည်။

More Tags