ဟိုပုံးမြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ကွင်းဆင်းကြည့်ရှု

ဟိုပုံး၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် စုရပ်အသီးသီး၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဇွန်လ(၁)ရက် နံနက် (၈) နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ပါသည်။ ဟိုပုံးမြို့နယ်တွင် ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂) အုပ်စု၊ ကျေးရွာပေါင်း (၃၀၃) ရွာရှိပြီး အသက် (၂) လမှ (၁) နှစ်ခွဲအရွယ်ရှိ ရည်မှန်းကလေးစုစုပေါင်း (၂၃၄၅)ဦးကို ကျန်းမာရေးဌာန (၅)ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ (၂၁) ခုနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန(၁) ခုဖြင့် သတ်မှတ်ကာကွယ်ဆေးထိုးစုရပ်များတွင် ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိထိုးနှံပေးသွားမည် ဖြစ်ပြီး ယနေ့ဇွန်လ (၁)ရက်နေ့ တွင် ကလေး(၆၁၀)ဦးကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါသည်။

 
 

More Tags