ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံ၍ ဒုတိယအကြိမ် Video Conference Meeting ပြုလုပ်

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်

     ရှမ်းပြည်နယ် (တောင်ပိုင်း)၌ COVID-19 ကာကွယ်၊ ကုသရေးနှင့် ပတ်သက်၍ မြေပြင်အခြေအနေများကို သိရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင် ဉီးဆောင်၍ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၂၁ မြို့နယ်မှ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူးများနှင့် အတူ Zoom Cloud Meeting Application ကို အသုံးပြု၍ ဒုတိယအကြိမ် Video Conference Meeting ကို မေလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် ၂၁ မြို့နယ်မှ ကျန်းမာရေးဦးစီးဌာနမှူးများက သက်ဆိုင်ရာမြို့နယ်အတွင်းရှိ လုပ်ငန်းဆောင်ရွက်ချက်များ၊ အားနည်းချက်များ၊ အားသာချက်များနှင့်ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးပြီး ပြည်နယ်အထူးရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဌာနခွဲအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးများကလည်း ဌာနနှင့် သက်ဆိုင်သောအကြောင်းအရာများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးမှ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags