ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ပုသိမ်မြို့ရှိ လူထုအခြေပြု ဖျားနာကုသရေးဆေးကုခန်း(Community Fever Clinic)သို့ သွားရောက်ကြည့်ရှု

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်

     ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် (၁-၆-၂၀၂၀) ရက်နေ့နံနက်ပိုင်း၌ ပုသိမ်မြို့ သာသနာ့ဗိမာန်တော်တွင် ဖွင့်လှစ်ထားရှိသော လူထုအခြေပြု ဖျားနာကုသရေးဆေးကုခန်း(Community Fever Clinic) (ပုသိမ်)သို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ဆက်လက်၍ ကုသိနာရုံဓမ္မာရုံတွင် ကလေးများကာကွယ်ဆေးထိုးမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပါသည်။

More Tags