ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ NHL ဝန်ထမ်းအိမ်ရာတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၅) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းရေးဝန်ထမ်းများသည် ၅-၅-၂၀၂၀ ရက်နေ့၊ နေ့လည် ( ၂ ) နာရီခန့်အချိန်တွင် ဘုရားကြီး ရပ်ကွက်ရှိ NHLဝန်ထမ်းအိမ်ရာသို့ (COVID -19) ရောဂါကာကွယ်ရေးအတွက် Hand Speaker ဖြင့် ပညာပေးခြင်းလှုံ့ဆော်ပေးခြင်း၊ ABATE ဆေးနှင့် ABATE ဆေးခတ်ခြင်း လမ်းညွှန်တို့ကို အိမ်ထောင်စုများအား ပေးဝေ၍ အိမ်တိုင်းတွင် ABATE ဆေးခတ်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းလှုံ့ဆော်ခဲ့ပါသည်။

More Tags