ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးနှင့် တာ၀န်ရှိသူများမှ ပြည်ပပြန်များ ထားရှိမည့် Quarantine Center များသို့ ကွင်းဆင်းကြည့်ရှု

ပုသိမ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၀) ရက်

     ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟအောင်နှင့် တာ၀န်ရှိသူများသည် (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ပပြန်များ (ထိုင်းနိုင်ငံ) (၄၄) ဦး ထားရှိမည့် ကြောင်ပန်ကုန်းကျေးရွာရှိအိမ်တွင်းမှု သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါပြည်ပမှ ပြန်လာကြသူများ ထားရှိသည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ၄င်းနောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ သမဝါယမသင်တန်းကျောင်းသို့ဆက်လက်၍ သွားရောက်ကြည့်ရှုပြီး ထိုင်းနိုင်ငံပြန် (၄၂) ဦး ထားရှိသည့် နေရာ၌ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

More Tags