စစ်တွေမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနှင့် Quarantine ဝင်နေသူများအတွက် ခဲခြစ် ငွေဖြည့်ကဒ် (၅၀၀) ကဒ်တန်ဖိုး ငွေကျပ် (၅)သိန်းအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်

စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၉ ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၃)၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၉)ရက်၊ နံနက်(၉)နာရီအချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  (MPT)မှ CSR လုပ်ငန်းတစ်ခုအဖြစ် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနှင့် Quarantine ဝင်နေသူများအတွက် (၁၀၀၀)ကျပ်တန် ခဲခြစ်ငွေဖြည့်ကဒ်(၅၀၀)ကဒ် တန်ဖိုးငွေကျပ်(၅)သိန်းအား ပေးအပ် လှူဒါန်းပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရခိုင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ (၁၀၀၀)ကျပ်တန် ခဲခြစ်ငွေဖြည့်ကဒ်(၅၀၀)အတွက် တန်ဖိုးငွေကျပ်(၅)သိန်းအား လက်ခံရရှိခဲ့ပါသည်။

 

More Tags