မင်္ဂလာဒုံမြို့နယ် ဈေးကြီးအတွင်းရှိ ဈေးရောင်းသူ/ဈေးဝယ်သူများအား နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်းပြုလုပ်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်မြို့ ၊၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈)ရက်

     (၂၈.၅.၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက် မြို့မကျေးလက်ကျန်းမာရေးဌာနအပိုင် မင်္ဂလာဒုံဈေးကြီးအတွင်းရှိ၊ ဈေးသူဈေးသားများလည်းကောင်း၊ ဈေးဝယ်သူများအားလည်းကောင်း၊ ခရီးသွားပြည်သူများအားလည်းကောင်း နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ခြင်းရှိမရှိ လိုက်လံစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာဝင်းဝင်းမာ ဦးဆောင်၍ အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မြို့ စည်ပင်မှ အတွင်းရေးမှုးနှင့်အဖွဲ့ဝင်များ ၊အရန်မီးသတ်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

More Tags