ဗဟန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများပြုလုပ်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၇ ရက်

     ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့ ၊ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်ကျန်းမာရေးဌာနတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်နုနုဝင်းဦးဆောင်၍ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်စည်ပင် ကျန်းမာရေးဦးစီးဌာနမှ ဝန် ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများ ပြုလုပ်ခြင်း၊ အဘိတ်ဆေးများခတ်ခြင်း၊ လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကာကွယ်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အချက်များအား Hand Held Loud Speaker များအသုံးပြု၍ အသိပေးနှိုးဆော်ခြင်း၊ ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။

 
 

More Tags