ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Nutrition Sector Meeting ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈) ရက်

     ကချင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Nutrition Sector Metting ကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ် မေလ (၂၈) ရက်နေ့၌ online meeting အနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်းများ အတူတူကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကချင်ပြည်နယ်အတွင်းရှိ အထူးအလေးပေးဆောင်ရွက်ရန် လိုအပ်သည့်နေရာများကို ပိုမိုလွှမ်းခြုံဆောင်ရွက်နိုင်ရန် အလေးထားတိုက်တွန်းမှာကြားခဲ့ပါသည်။

     ထို့နောက် ကချင်ပြည်နယ်အာဟာရလေ့ကျင့်ကွပ်ကဲရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဂျိမ်းဆိုင်ပေါင်း နှင့် အဖွဲ့၊ UNICEF မှ အာဟာရတာဝန်ခံတို့မှ ဦးဆောင်၍ HPA, Plan International ,World Concern ,WFP ,UNOPS ,CHAD KMSS ,KBC ,CPI ,MHAA, Alliance Myanmar, MAM, WHO, IOM, AHRN အစရှိသည့် အဖွဲ့အစည်းများက သက်ဆိုင်ရာဌာနများမှ အင်တာနက်ချိတ်ဆက်၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

More Tags