သရက်မြို့နယ်၌ ဇွန်လတွင် ပြန်လည်စတင်မည့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်အား ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၈ ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ သားဖွားဆရာမများနှင့် ဇွန်လတွင် ပြန်လည်စတင်မည့် ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက်အစီအစဉ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို (၂၈-၅-၂၀၂၀) ရက်နေ့ နံနက် (၉) နာရီခွဲနှင့် မွန်းလွဲ (၂) နာရီတွင် သရက်ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွေအောင်၊ လက်ထောက်ဆရာဝန် ဒေါက်တာခန့်ကျော်လင်း၊ ကျန်းမာရေးမှူးအဆင့် (၁) ဦးအောင်ဝင်းနှင့် လက်ထောက်ကျန်းမာရေးမှူး​ ဒေါ်ခင်ဌေးလှိုင်တို့မှ COVID-19 ဖြစ်ပွားမှုကြောင့် ရပ်နားထားသောပုံမှန်ကာကွယ်​ဆေးထိုးအစီအစဉ် ပြန်လည်ဆောင်ရွက်ရာတွင် လိုက်နာရမည့် စံကိုက်လုပ်ငန်းလမ်းညွှန် (၂၀၂၀ခုနှစ်၊ မေလ) နှင့်အညီ ဆောင်ရွက်ကြရန်   ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags