Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ (28-5-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၈) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေလ (၂၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား Rotary Club of Central Yangon ၏ ဥက္ကဋ္ဌ ဦးထက်ညီက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားရာတွင် -

• Rotary Club of Central Yangon သည် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခု COVID-19 ကပ်ရောဂါဖြစ်စဉ်တွင်လည်း မိမိတို့အနေဖြင့် ဆေးရုံများတွင် လူနာများအား ကုသမှုပေးရာတွင် အသုံးပြုရန် စက်ပစ္စည်းကိရိယာများ လာရောက်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ ဆေးရုံသုံး စက်ပစ္စည်းကိရိယာများလှူဒါန်းမှုသည် COVID-19 လူနာများအတွက် သာမက အခြားရောဂါဖြင့် ကုသမှုခံယူရသော လူနာများအတွက်လည်း အသုံးပြုနိုင်မည် ဖြစ်သဖြင့် ရေရှည်အကျိုးရှိမည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ယခုအချိန်တွင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထိုသို့လှူဒါန်းမှုများတွင် Rotary Club of Central Yangon (District 3350) မှ အမေရိကန်ဒေါ်လာ (၅၀,၀၀၀) တန်ဖိုးရှိသည့် Patient Monitor (၅၉) ခု၊

Rotary Club of Central Yangon (District 3350), District 2570, Rotary Club of Kawagoe and Rotary Club of Honjo Minami တို့မှ အမေရိကန်ဒေါ်လာ (၆၁,၅၀၀) တန်ဖိုးရှိ Syringe Pump (၁၁၅) ခု၊

Rotary Club of Central Yangon (District 3350) နှင့် District 3630 တို့မှ အမေရိကန်ဒေါ်လာ (၆၀,၀၀၀) တန်ဖိုးရှိ Patient Monitor (၇၄) ခုတို့အား လှူဒါန်းခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ တိုင်းရင်းသားလူမျိုးများရေးရာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လာရောက်လှူဒါန်းမှုအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင် တိုင်းရင်းသား လူမျိုးများရေးရာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထိုသို့လှူဒါန်းမှုတွင် တိုင်းရင်းသား လူမျိုးများရေးရာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး + ဒေါ်တိုးတိုးသူ မိသားစု၊ ဒေါ်အေးမြင့်ဦး၊ ဒေါ်အေးချစ်ဦး၊ ဒေါက်တာသီသီဦးနှင့် ဒေါ်စီစီဦးတို့က ငွေကျပ် (၁၅) သိန်းကို လှူဒါန်းခဲ့ပါသည်။

 

More Tags