ပုဇွန်တောင်မြို့နယ်တွင် COVID-19 ရောဂါများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ (Contact Tracing) လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၈ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရေကျော်လမ်းနှင့် အမှတ် (၇) ရပ်ကွက်၊ ရေကျော်လမ်းတို့တွင် COVID-19 သံသဃလူနာများ စုံစမ်းထောက်လှမ်း ရှာဖွေခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခပ်ခြင်းများကို ၂၀၂၀ ပြည့်နှစ် ၊ မေလ (၂၈) ရက်နေ့ နံနက် (၇:၀၀) နာရီ မှစ၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်နွယ်ဦး၊ အခြေခံကျန်းမာရေး ပညာရှင်များနှ့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးချမ်းငြိမ်းအောင်နှင့်တာဝန်ရှိသည့် ဝန်ထမ်းများမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဥက္ကဌ ဦးမြင့်မြတ်သူ နှင့် တာဝန်ရှိသည့်ဝန်ထမ်း များ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ Volunteer များနှင့် မြို့နယ် COVID-19 ထိန်းချုပ်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းတွင် အိမ်ထောင်စုပေါင်း (၅၂၀) ၊ ကျား - ၇၂၂၊ မ- ၁၀၄၁ ၊ ပေါင်း - ၁၇၆၃ စစ်ဆေးခဲ့ပါသည် ။ ထိုစစ်ဆေးပေးသော လူဦးရေများတွင် COVID-19 သံသဃလူနာမတွေ့ရှိခဲ့ပါ။ ထို့ကြောင့် ဆေးရုံကြီးသို့ လွှဲပြောင်းပေးရသည့် လူနာလည်းမရှိပါကြောင်း နှင့် Quarantine Centerသို့ပို့ဆောင်ရသည့် လူနာလည်းမရှိပါ။

 
 

More Tags