ဗိုလ်တထောင်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ (CONTACT TRACING) ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၇) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အမှတ် (၅) ရပ်ကွက် နှင့် အမှတ် (၈) ရပ်ကွက်များသို့ Contact Tracing လူနာ ကွင်းဆင်းရှာဖွေရေး လုပ်ငန်းကို (၂၇.၅.၂၀၂၀) နံနက် (၆:၃၀) နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းရှာဖွေ‌‌ရေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဗိုလ်တထောင်မြို့နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ်ဦးဆောင်၍ အခြေခံကျန်းမာရေး ကျွမ်းကျင် ပညာရှင်များ၊ မြို့နယ် COVID-19 ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး ကော်မတီ ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရောဂါရှာဖွေမှုတွင် COVID-19 ရောဂါလဏ္ခာများ ရှိ/မရှိ မေးမြန်း၍ (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီး များဖြင့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုပေါင်း (၅၅၆) စုနှင့် လူဦးရေ စုစုပေါင်း (၂၁၁၇) ဦး၊ ခန့်မှန်းလူဦးရေ၏ (၇၃.၂%) အားကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးခဲ့ပါသည်။

More Tags