တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၇) ရက်

     (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၆) ရက်၊ နံနက် (၈း၀၀) နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေ(ခ)ရပ်ကွက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းနိုင်ရန် အိမ်အတွင်းရှိ အိုးခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး သတင်းစကား (၈) ချက်နှင့် COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများကို Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ရည် ဦးဆောင်၍ အခြေခံကျန်းမာရေးပညာရှင်များ၊ စည်ပင်သာယာရေး ကော်မတီမှအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ လမ်းမှူးများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ပြည်သူလုထုများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

More Tags