သရက်ခရိုင်၊ ကြီးတိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၇) ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မဒင်းကျေးလက်ကျန်းမာရေးဌာနအပိုင် ကြီးတိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ပိုးလောက်လန်းနှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်းများကို မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာန လက်ထောက်ငှက်ဖျားမှူး ဦးကျော်ထွန်း၊ မဒင်းကျေးလက်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး နော်ဆဲခူ၊ မဒင်းကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ (၂၇-၅-၂၀၂၀) ရက်နေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ပါသည်။

More Tags