တောင်ကြီးမြို့တွင် ပြည်နယ်ရပကနအဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ပြည်နယ်ရပကနအဖွဲ့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာ၌ မေလ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်သို့လည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် ညောင်ဖြူစခန်းရပ်ကွက်သို့လည်းကောင်း သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ နေအိမ်များတွင် ပိုးလောက်လန်းရှိ/မရှိစစ်ဆေးခြင်းနှင့် အဘိတ်ခပ်ခြင်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

More Tags