ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် SRHR Working Group Meeting ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်

     ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် SRHR Working Group Meeting ကို ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဠာန၌ ၂၀၂၀ ပြည့်နှစ် မေလ (၂၇)ရက် နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မိခင်နှင့် မျိုးဆက်ပွားကျန်းမာ‌ရေးကို ပြုလုပ်နေကြသော မိတ်ဖက် အဖွဲ့အစည်းများနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ရေးကို ဆောင်ရွက်နေကြသော အဖွဲ့များ online meeting အနေဖြင့် တက်ရောက်ခဲ့ကြသည်။

    

     အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူသန့် ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဝေါ်မိသီ ၊ UNFPA၊ WHO ၊ MMA (Humanitarian RH) ၊ MMA (ASRH) ၊ Alliance ၊ MSI (Marie Stopes Myanmar)၊ MHAA၊ IOM ၊ KBC ၊ AHRN၊ MDM၊ MAM၊ CPI၊ IRC၊ AHRN၊ Ipas ၊ MSF-H ၊ SARAနှင့် Kachin Backpack Health Worker Team စသည့် မိတ်ဖက်အဖွဲ့စည်းများမှ တာဝန်ရှိသူများက COVID-19 ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(SRHR)များ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် နှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို တက်ကြွစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြံပြုချက်များနှင့် လမ်းညွှန်ချက်များပေးကာ အစည်းအဝေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

 

More Tags