ကလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ Hand Speaker များဖြင့် ကျန်းမာရေးအသိပညာပေး

ကလောမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ကလောမြို့နှင့်အောင်ပန်းမိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ဘော်ဆိုင်း၊ ပင်မှီနှင့်နန်းတိုင်းကျေးလက်ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် ဌာနပိုင်ကျေးရွာများသို့သွားရောက်ပြီး Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ပျံ့နှံ့ပုံ၊ ကာကွယ်ရန် နည်းလမ်းများကို Hand Speaker များဖြင့် လိုက်လံ၍ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags