ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ပုသိမ်တက္ကသိုလ်ရှိ ပြည်ပပြန်များ ထားရှိသော နေရာများကို ကြည့်ရှုစစ်ဆေး

ပုသိမ်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၇ ရက်

     ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် (၂၇-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်၊ ပညာရေးကောလိပ်ရှိ ပမ္မဝတီဆောင်၊ ချယ်ရီဆောင်တို့တွင် ပြည်ပပြန်များထားရှိသော နေရာများကိုကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

More Tags