သရက်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် Hospital Infection Control Committee အစည်းအဝေးကျင်းပ

သရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးရုံစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးနှင့် Hospital Infection Control Committee အစည်းအဝေးကို (၂၆-၅-၂၀၂၀) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆေးရုံ၏နေ့စဉ်ပြင်ပလူနာနှင့် အတွင်းလူနာစာရင်းတို့ကို အများပြည်သူများသိရှိနိုင်ရေး ပြင်ပလူနာဌာန၌ ချိတ်ဆွဲ၍ နေ့စဉ် ထုတ်ပြန်ရန်၊ ဆေးရုံအတွင်းအပြင် သန့်ရှင်းရေး ပိုမိုဆောင်ရွက်ရန်၊ မိလ္လာကိစ္စများကို စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဖြေရှင်းရန်၊ ဆေးရုံစွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ သီးခြား လူနာကုသဆောင် (Isolation Ward) တွင် COVID-19 စောင့်ကြည့် လူနာများ လက်ခံကုသပေးနေမှု အခြေအနေဆွေးနွေးခြင်းနှင့် 5 Moments for hand hygiene နှင့်ပတ်သက်၍ ဆေးရုံ ဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ရန်တို့ကို ဆေးရုံအုပ်အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန၊ ဆေးလူမှု ဆက်ဆံရေးဌာနနှင့် ဆေးရုံအုပ်ရုံး အဖွဲ့ဝန်ထမ်းများ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 
 

More Tags