သရက်မြို့ရှိ အထက (၁) Facility Quarantine တွင်နေထိုင်သော ပြည်ပမှပြန်လာသူများအား နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများ ဆောင်ရွက်

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၆) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် သရက်မြို့ရှိ အထက (၁) Facility Quarantine တွင် နေထိုင်သော ပြည်ပမှပြန်လာသူများအား နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းကို (၂၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် သရက်မြို့၊ အထက (၁) ၌​ Quarantine Officer လက်ထောက်ဆရာဝန် ဒေါက်တာခန့်ကျော်လင်း မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းနိုင် ဓာတ်ခွဲကျွမ်းကျင်(ပ) ဦးအောင်ဇော်မင်းတို့ပါဝင်သောအဖွဲ့မှ ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲနမူနာများကို မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှတဆင့် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ (၂၆-၅-၂၀၂၀) ရက် ညတွင် ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဟု သတင်းရရှိပါသည်။ (၂၆-၅-၂၀၂၀) ရက်နေ့တွင် သရက်မြို့ရှိ အထက(၁)Facility Quarantineတွင် နေထိုင်သူများအနက်ထိုင်းနိုင်ငံမှပြန်လာသူ (၇) ဦး တရုတ်နိုင်ငံမှပြန်လာသူ (၁) ဦးစုစုပေါင်း (၈) ဦးထံမှ နှာခေါင်းတို့ပတ်နှင့်အာခေါင်တို့ပတ်ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags