မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မင်းတံတားရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်

မိုးကုတ်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန်ရည်ရွယ်၍  တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသင်းသင်းနွယ်(ရောဂါနှိမ်နင်းရေး) ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရပကန (ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေမှ Area Stratification and Risk Assessment of Dengue Infection in Mogoke Township ရေးဆွဲပံ့ပိုးပြီး မိုးကုတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဦးဆောင်မှုဖြင့် မိုးကုတ်မြို့နယ်၊ မင်းတံတားရပ်ကွက်တွင် လူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးဆောင်ရွက်မှုကို မြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာနှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများ နှင့် နယ်မြေခံ အခြေခံကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ယနေ့ ၂၀၂၀ ပြည့်နှစ် မေလ (၂၅) ရက်နေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သောနေရာများအား ရှင်းလင်းခြင်း(Cleaning Campaign)၊  အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများအသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် Fever Surveillance ဆောင်ရွက်ခြင်းအစရှိသော ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags