ပေါက်တောမြို့ရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး လုပ်ငန်းများဆောင်ရွက်

ပေါက်တော၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၅ ရက်

     ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရပ်ကွက်များရှိ  နေအိမ်များအတွင်း၌ အိုး၊ ခွက်စသည့် ရေတင်ကျန်နိုင်သောအရာများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပြုလုပ်ပြီး ရေများသိုလှောင်ထားသော ရေကန်များထဲတွင် ပိုးလောက်လန်းများ ရှင်သန်ပေါက်ပွားခြင်းမရှိစေနိုင်ရန် ရည်ရွယ်၍ အဘိတ်ဆေးခပ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags