လင်းခေးမြို့၌ မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါအကြောင်း၊ ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်၍ အုပ်စုအလိုက်သင်တန်းပေး

လင်းခေး၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၅ ရက်

     လင်းခေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ နားကုန်းကျေးရွာအုပ်စုရှိ ကားပိုင်ရှင်၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် ကိုယ်တိုင်လုပ်ဆောင်စေခြင်းသင်တန်းကို မေလ ၂၅ ရက်နေ့တွင် လင်းခေးမြို့ပြည်သူ့ဆေးရုံဝင်းအတွင်းပြုလုပ်ပါသည်။ လင်းခေးမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက အဆိုပါသင်တန်းကို COVID-19 နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်အမိန့်များနှင့် ကြေညာချက်များကို လိုက်နာကြရန်နှင့် ယင်းထက်ရောဂါကို ပိုကြောက်ဖို့ လိုကြောင်းဆင်ခြင်တတ်စေရန်၊ ကပ်ရောဂါ-ရောဂါသစ်ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ကူးစက်မြန်နေတဲ့အကြောင်းသိစေရန်၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်ကိုသိစေရန် ရည်ရွယ်၍ သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

 

     ဆက်လက်ပြီး မြို့နယ်သင်ကြားရေးအဖွဲ့မှ COVID-19 ရောဂါအကြောင်း ပညာပေးခြင်း၊ COVID-19 ရောဂါမိမိကြောင့် မကူးစက်စေရန်အတွက် ရောဂါကို “မိမိကစကာကွယ်ပါ” အကြောင်း ဟောပြောခြင်း၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေထိုင်ကြရန် ၆ ပေခွာသင့်ကြောင်းရှင်းပြခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ကြစေခြင်း၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် လက်ကို စနစ်တကျနှငမကြာခဏ ဆေးတတ်ဖို့ လိုအပ်ကြောင်းသတိပေးခြင်း၊ ရောဂါသံသယလက္ခဏာများ ကြိုတင်သိရှိကာ ကျန်းမာရေးဌာနသို့ သတင်းပို့တတ်စေခြင်း၊ ရောဂါသံသယအချက်များဖြစ်ပွားပါက သီးခြားခွဲနေတတ်ဖို့ လိုအပ်ကြောင်း ရှင်းပြခြင်း၊ အသွားအလာကို ကန့်သတ်ထိန်းချုပ်ခြင်း အရေးပါပုံအကြောင်းသိစေခြင်း၊ ပိုးသတ်ဆေးအကြောင်းရှင်းပြပြီး သုံးစွဲပုံနည်းလမ်းမှန်ကန်အောင် သုံးစွဲတတ်ရေး နှိုးဆော်ခြင်း၊ ကားများကို ရောဂါပိုးသတ်ဆေး ဖျန်းပြီးနာရီဝက်ကြာမှ ကားရေဆေးသည့် အလေ့အကျင့် ပြုလုပ်စေခြင်း၊ စီးပွားရှာရာမှာ ရောဂါပါမလာစေရန် ဆောင်ရန်ရှောင်ရန်များကို လိုက်နာကြရန်နှင့် Mask၊ N95 Mask ကို စနစ်တကျ တပ်ခြင်း ချွတ်ခြင်းကို လက်တွေ့သင်ကြား သရုပ်ပြခဲ့ကြပါသည်။

 
 

More Tags