မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှရမည်းသင်းမြို့နယ်သို့ COVID 19 ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် စောင့်ကြည့်စခန်းများအတွက် စားနပ်ရိက္ခာများထောက်ပံ့

ရမည်းသင်းမြို၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၅) ရက်

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် community based facility quarantine centers များအတွက် စားနပ်ရိက္ခာများအား ပြန်လည်ထောက်ပံ့ပေးအပ်ပွဲအား  ၂၅.၅.၂၀၂၀ ရက်နေ့၊ နံနက် ၉.၃၀ မိနစိအချိန်၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးစုစည်းခန်းမ၌ ကျင်းပခဲ့ပါသည်။

 

      အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် COVID-19 ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ surgical mask (4500) ခု, PPE (230) စုံ, surgical gowns (70) စုံ, Apron (650) စုံ,Face shield (200) ခု, boots (4) စုံ, google (120) ခု,E gloves (4 ) ဗူး , hand gel5L (3) ဗူး, hand gel 2L (2) ဗူး, sodium hypocholoride(2) ဗူးတို့ကို လက်ခံရရှိခဲ့ပါသည်။ ထိုပြင် စောင့်ကြည့်ရေးစခန်းများအတွက် ဆန်အိတ်(၂၀၀)၊ ခေါက်ဆွဲခြောက်၊ ကော်ဖီစသည်တို့ကို လည်းထောက်ပံ့ပေးခဲ့ပါသည်။

More Tags