ဟိုပုံးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး၊ ၂၀၂၀ပြည့်နှစ်၊ မေလ ၂၃ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်မှစ၍ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းများတပ်ဆင်သွားလာကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ လိုက်ပါဆောင်ရွက်ခဲ့သည်။ ဟိုပုံးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုများ၊ ရေတွင်း၊ ရေကန်များ၊ ရေစည်များ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သောပစ္စည်များအတွင်း ပိုးလောက်လန်းများမပေါက် ဖွားနိုင်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများပြုလုပ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်အနီးအနားပတ်ဝန်းကျင်ရှိ ခြင်ပေါက်ဖွားနိုင်သည့် ရေအိုး၊ ရေခွက်များ၊ ခြင်အောင်းနိုင်သည့်ခြုံများရှင်းလင်းရန်၊ ဆေးခြင်ထောင်များ အသုံးပြုရန် စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

More Tags