ကြည့်မြင်တိုင်မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်မည့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်မည့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်ကမ်းချက်များအတိုင်း လိုက်နာခြင်း ရှိ မရှိကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းများကို ကြည့်မြင်တိုင်မြို့နယ် Coronavirus disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ သက်ဆိုင်ရာကော်မတီဝင်များမှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

 

 
 

More Tags