ဟိုပုံးမြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်တွင် ဖြတ်သန်းသွားလာသောပြည်သူများအား ကျန်းမားရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်စေခြင်းများ ဆောင်ရွက်

ဟိုပုံးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မေလ (၂၃) ရက်၊ နံနက် (၈) နာရီအချိန်မှစတင်၍ ဟိုပုံးမြို့အဝင်တွင် ဖြတ်သန်းသွားလာသောပြည်သူများအား ကျန်းမားရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်းမတပ်ဆင်ပဲသွားလာနေသော ပြည်သူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့ပူးပေါင်းအဖွဲ့များက ဟိုပုံးမြို့အဝင်တွင် ဖြတ်သန်းသွားလာသော ပြည်သူများအား လက်ဆေးဆပ်ဖြာရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များတိုင်းတာပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့်ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်း၊ အပြင်သို့သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပဲ သွားလာနေသောပြည်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် တပ်ဆင်စေခြင်းနှင့် ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်းကြရန် စသည့်အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

More Tags