မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၇ ရက်

     မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့၊ မြို့ပေါ် အမှတ် (၃) ရပ်ကွက်တွင် (၁၇/ ၅ / ၂၀၂၀) နေ့၊ နံနက် ၉ နာရီ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်း လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။    

     မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးကိုယ်တိုင် ဦးဆောင်၍ သွေးလွန်တုပ်ကွေး အသိပညာပေး အဓိကသတင်းစကား (၈) ချက်အား Handheld Speaker ဖြင့် လိုက်လံဆော်သြခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ခြင်/ပိုးလောက်လန်းနှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ပိုးလောက်လန်းသေဆေးခတ်ခြင်းများ၊ ခြင်ခိုအောင်းနိုင်သော ပတ်ဝန်းကျင် သန့်ရှင်းရေး စသည်တို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြားမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း အလားတူ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

 

 
 

More Tags