စစ်ကိုင်းမြို့နယ်၊ ထုံးဘိုကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းမြို့နယ်၊၂၀၂၀ ပြည့်နှစ်၊ မေလ (၁၉) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မင်းကွန်းကျေးလက်ကျန်းမာရေးဌာန၊ ထုံးဘိုကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၉) ရက်နေ့တွင် စစ်ကိုင်းမြို့နယ်​ မင်းကွန်းတိုက်နယ်၊ ထုံးဘိုကျေးရွာတွင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကျေးရွာပရဟိတအဖွဲ့တို့နှင့် ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

More Tags