စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွှေမင်းဝံဒေသန္တရကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ၊ မေလ (၁၉) ရက်နေ့၌ စစ်ကိုင်းမြို့နယ်​၊ ရွှေမင်းဝံရပ်ကွက်တွင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကြက်ခြေနီအဖွဲ့၊ ရပ်ကွက်ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်​ခဲ့ကြပါသည်။

More Tags